
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ၂၀၁၇ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ အထိကျင်းပလျက်ရှိသည့် စတုတ္ထအကြိမ်မြောက် အိုအီးစီဒီ-အရှေ့တောင်အာရှ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ ကနဦးဆောင်ရွက်မှုအစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် အစည်းအဝေး ဒုတိယမြောက်နေ့ဖြစ်သည့် ၂၀၁၇ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် တိုးတက်ပြောင်းလဲမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး Panelist အဖြစ် ပါဝင်ဆောင်ရွက်ကာတက်ရောက်သူများနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့် ငွေကြေးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် ကော်ပိုရိတ် စီမံအုပ်ချုပ် မှု ဆိုင်ရာမူဝါဒများကို ဆွေးနွေးခဲ့ကြပါသည်။