နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းအချက်အလက်များအား ကောက်ယူ နိုင်ရေးနှင့် ပတ်သက်သည့် TECHNICAL MISSION ပြုလုပ်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)စာရင်းအင်းဌာန တို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၄  ရက်နေ့မှ ၂၈ ရက်နေ့ အထိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန် (ရုံးချုပ်) ၌ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းအချက်များ ကောက်ယူနိုင်ရေး နှင့် ပတ်သက်သည့် နည်းပညာ အကူအညီ ပေးရေး ညှိနှိုင်းလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ Mission ၏ရည်ရွယ်ချက်မှာ ၂၀၁၇ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ပြုလုပ်သွားမည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမှန်စာရင်း ကောက်ယူမည့် စီမံချက်အား အောင်မြင်စေရန် အထောက်အကူပြုရေး ဖြစ်ပြီး စာရင်းကောက်ယူရာတွင် လက်တွေ့ ဆောင်ရွက်ရမည့် ကိစ္စများနှင့် အတွေ့အကြုံများအား ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန ရုံးချုပ်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရုံးခွဲများ မှ စုစုပေါင်း  ဝန်ထမ်း (၃၀) ဦး တက် ရောက်ခဲ့ပါသည်။