MYANMAR GOLDEN LEAF BIO-TECHNOLOGY CO., LTD. သို့ ကွင်းဆင်း စစ်ဆေးခြင်း

Print Friendly, PDF & Email

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်းလုပ်ငန်း၊ လောင်စာတောင့် ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပိုးစာပင်အခြေခံအထပ်သား၊ သစ်ပါးလွှာ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ်ရှိ Myanmar Golden Leaf Bio-Technology Co., Ltd. သို့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။