
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း ကျင်းပခဲ့သော Public Relation (PR) Training ၏ နောက်ဆက်တွဲ ဖြစ်သော Public Relation (PR) Coaching Session ကို GIZ (Myanmar) ၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ Public Relation Team အဖွဲ့ဝင်ဝန်ထမ်းများ တက်ရောက် ခဲ့ပါသည်။အဆိုပါ သင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ဆက်လက် ပြုလုပ်မည်ဖြစ်ပါသည်။