HARVEY HANDBAGS CO., LTD သို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ်- ၁၀၃၀/၂၀၁၅ (၁၁-၁၁-၂၀၁၅) ဖြင့် CMP စနစ်ဖြင့် အိတ်နှင့် လက်ကိုင်အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် အမှတ်-၂၀၊ အနော်ရထာစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Harvey Handbags Co.,Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ ရင်းနှီး မြှုပ်နှံမှုအခြေအနေ၊ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ပြည်တွင်း/ ပြည်ပဝန်ထမ်းခန့်ထားမှုအခြေအနေ၊ စက်ပစ္စည်းတင်သွင်း တပ်ဆင်ထားမှုအခြေအနေ၊ ကုန်ပစ္စည်း ထုတ်လုပ်နိုင်ရေးနှင့် ဝန်ဆောင်မှုဆောင်ရွက်ထားရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး ဆောင်ရွက် ထားရှိမှု အခြေအနေတို့ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။