
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဦးဆောင်၍ Deutsche Gesellschaft für Internationale Zusammenarbeit GmbH (GIZ) ၏ ပူးပေါင်းမှုဖြင့် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လုပ်ထုံး လုပ်နည်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနား”ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချူပ် ဒေါက်တာမာလာမျိုးညွန့်တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။