
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် နှစ်ဝက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၂၀၁၇ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့ နံက် ၀၉၀၀နာရီအချိန်တွင် ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးကို ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ၃ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူး ၁၅ ဦး၊ (ရုံးချုပ်)ဌာနခွဲရှိ ညွှန်ကြားရေးမှူး၁၁ဦး၊ စုစုပေါင်း ၃၀ ဦးတက်ရောက်ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများနှင့် (ရုံးချုပ်)ဌာနခွဲများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အားအခြေအနေ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များနှင့် တွေကြုံရသည့် အခက်အခဲများကိုရှင်းလင်းတင်ပြခဲ့ကြပါသည်။
ညွှန်ကြားရေးမှူးချုပ်မှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီးဆက်လက်ဆောင်ရွက်မှုလုပ်ငန်းစဉ်များချမှတ်ကာအစည်းအဝေးအား၁၈၀၀နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။