
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ (၂၄)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ နေ့ဆွမ်းဆက်ကပ်ခြင်းအခမ်းအနားကို၂၀၁၇ခုနှစ်၊ အောက်တိုဘာလ၁၄ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းအမှုထမ်းများတက်ရောက်ကြည်ညိုခဲ့ကြပါသည်။
အခမ်းအနားတွင် သုခိတာရာမ (ယဉ်ငေး)ကျောင်းပရိယတ္တိ-ပဋိပတ္တိ၊ ယဉ်ကျေးလိမ္မာသာသနာပြုဆရာတော် ဦးဣန္ဒကထံမှ ညွှန်ကြားရေးမှူးချုပ် အမှူးပြုသောပရိသတ်များကငါးပါးသီလခံယူဆောက်တည်ကြပြီးပရိတ်တရားတော်များနာကြားကြပါသည်။ ထို့နောက် ဆရာတော် ဦးဣန္ဒကထံမှ အနုမောဒနာတရားနာယူကြပြီးလှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။
အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများမှ ကြွရောက်တော်မူကြသည့်ဆရာတော်ကြီးများအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။