
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ (၂၄)နှစ်မြောက်ဌာနနှစ်ပတ်လည်နေ့အခမ်းအနားကို ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ၁၄ရက်နေ့တွင် ရန်ကုန်မြို့ရှိ Fu Sun Restaurant ၌ ဝန်ထမ်းမိသားစုညစာစားပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။
ညစာစားပွဲအခမ်းအနားသို့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသည့်အထူးဧည့်သည်တော်များ၊ အငြိမ်းစားယူသွားကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ နိုင်ငံခြားအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများစုစုပေါင်း၆၂၀ကျော် တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီးဝန်ထမ်းများ၏ သားသမီးများအားလက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့်ထူးချွန် ဝန်ထမ်းများအားဆုချီးမြှင့်ခြင်းအစီအစဉ်များအားပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များ၊ Lucky draw အစီအစဉ်များဖြင့်ဌာနနှစ်ပတ်လည်နေ့အားဝန်ထမ်းမိသားစုများမှ ပျော်ရွှင်စွာဆင်နွဲခဲ့ကြပါသည်။