
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် International Finance Corporation (IFC) တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုဖြေရှင်းသည့် နည်းလမ်းမူဝါဒစာတမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် Hilton Hotel၊ နေပြည်တော်၌ ကျင်းပ ပြုလုပ် ခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် မေလတွင် ရန်ကုန်မြို့၊ ညောင်ဦးမြို့သစ် (ပုဂံ) နှင့် မော်လမြိုင်မြို့တို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲရလဒ်များအပေါ်အခြေခံ၍ ရေးဆွဲထားသော ရင်းနှီးမြှုပ်နှံမှု နစ်နာမှုဖြေရှင်းသည့်နည်းလမ်းမူဝါဒစာတမ်းအပေါ်တွင် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ အကြံပြုညှိနှိုင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်းများစုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့် International Finance Corporation (IFC) မှ Private Sector Specialist ဖြစ်သူ ဦးသစ္စာတို့မှ အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ International Finance Corporation (IFC) မှ Investment Legal Advisor ဖြစ်သူ Mr. Sufian Jusoh မှ “The Concept and Benefits of Investor Grievance Mechanism (IGM)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ International Finance Corporation (IFC) မှ Investment Legal Advisor ဖြစ်သူ Mr. Chris Hughes မှ “The Proposed Legal Framework for Investor Grievance Mechanism (IGM) in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ရင်းနှီးမြှုပ်နှံမှု နစ်နာမှုဖြေရှင်းသည့်နည်းလမ်းမူဝါဒစာတမ်းအပေါ် အကြံပြုဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းဆွေးနွေးပွဲကို မွန်းလွဲ (၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။