အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MYCO) တွင် ပုံစံအသစ်များ စတင်အသုံးပြုနိုင်မည့် အချိန်အား ကြေညာခြင်း

Print Friendly, PDF & Email

၂၀၁၈ ခုနှစ်စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်၍

ပုံစံ ဂ-၁ (ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပြောင်းလဲပြင်ဆင်ခြင်း)၊

ပုံစံဂ-၂ (ကုမ္ပဏီအမည်ပြောင်းလဲခြင်း)၊

ပုံစံဂ-၄ (ဖွဲ့စည်းမှတ်ပုံတင်ထားသောရုံးခန်းလိပ်စာသို့မဟုတ် စီးပွားရေးလုပ်ငန်းကိုအဓိကလုပ်ဆောင်သည့်

လိပ်စာပြောင်းလဲပြင်ဆင်ခြင်းဆိုင်ရာအကြောင်းကြားစာ)၊

ပုံစံ ဃ-၁ (ဒါရိုက်တာများနှင့် အတွင်းရေးမှူးတို့၏ အချက်အလက်များ)၊

ပုံစံ ဆ-၁ (ဥပဒေအရပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာ)၊

ပုံစံ ဆ-၂ (အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ အလားအလာညွှန်းတမ်း)၊

ပုံစံဆ-၃ (အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်းအစားရေးသားဖော်ပြချက်)နှင့်

ပုံစံ ဆ-၄ (စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင် ဆောင်ရွက်ကြောင်းအထောက်အထားတောင်းခံခြင်းနှင့် လိုက်နာ

ဆောင်ရွက်ကြောင်းကြေညာချက်)

တို့ကိုစတင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍

ပုံစံ ဂ-၃ (အစုရှယ်ယာမတည်ငွေရင်းသို့မဟုတ် ကုမ္ပဏီတွင် ပါ၀င်သူများ၏မှတ်ပုံတင်စာရင်း ပြောင်းလဲခြင်း)၊

ပုံစံ ဇ-၁ (ပေါင်နှံခြင်းသို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတို့နှင့်စပ်လျဉ်း၍ မှတ်ပုံတင်ခြင်း) နှင့်

ပုံစံဇ-၂ (ပေါင်နှံခြင်းသို့မဟုတ် ကြွေးမြီတာ၀န်တင်ရှိခြင်းပစ္စည်းအား ရယူထားသောကုမ္ပဏီမှ မှတ်ပုံတင်ခြင်း)

များအားစတင်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။