KOREA-MYANMAR BUSINESS FORUM သို့ ညွှန်ကြားရေးမှူးချုပ် တက်ရောက်

Print Friendly, PDF & Email

Korea International Trade Association နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ Lotte Hotel ၌ Korea-Myanmar Business Forum အား ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က “A Vision for Myanmar Industry Development and Foreign Investment Policy” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။

            အဆိုပါ ဖိုရမ်သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ မြန်မာ-ကိုရီးယား စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါသည်။