JICA နှင့် DICA တို့ အာမခံစျေးကွက်အကြောင်း ဆွေးနွေးခြင်း

Print Friendly, PDF & Email

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏  အာမခံစျေးကွက်  ခိုင်မာ အားကောင်းစေရန် ဆန်းစစ်ခြင်းများအတွက် long term expert ဖြစ်သူ Mr Tsuyoshi Saito သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ရန်ကုန်မြို့၌  ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး အား လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အာမခံစျေးကွက် ဖွံ့ဖြိုးတိုးတက်မှု အလား အလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။