(၁၄) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၂၀၁၇ နှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်မည့် (၁၄) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၂၀၁၇ နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေး၊ ပထမအကြိမ် ရပ်ဝန်းနှင့် လမ်းကြောင်း (အာဆီယံ) လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တို့သို့ တက်ရောက်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပါသည်။