MAYLP AGRICULTURE CO., LTD. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် Contract Farming စနစ်ဖြင့် စပ်မျိုးစပါးများ စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နေပြည်တော် ၊ ဒက္ခိဏသီရိအသေးစားနှင့်အလတ်စား စက်မှုဇုန်အတွင်းရှိ  MAYLP Agriculture Co., Ltd. ၏ စီမံကိန်းလုပ်ငန်းသို့ ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှု အခြေအနေများ နှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရန်အတွက် မြေပြင် ကွင်းဆင်း ဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါ သည်။