
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် တာဝန်ယူမှုရှိသော စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ဖိုရမ်သို့ တက်ရောက်ခဲ့ပါသည်။
ဖိုရမ်အား Royal Thai Government, the ASEAN Intergovernmental Commission on Human Rights(AICHR), the Organization for Economic Co-operation and Development (OECD), the United Nations (UN), the International Labour Organization(ILO), United Nations Economic and Social Commission for Asia and the Pacific နှင့် United Nations Conference on Trade and Development (UNCTAD)တို့မှ ကြီးမှူးကျင်းပပြုလုပ်ခဲ့ပါသည်။
ဖိုရမ်ကျင်းပခြင်းဖြင့် တာဝန်ယူမှုရှိသော စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အစီအစဉ်များထဲမှ ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ခေါင်းဆောင်များ အတူတကွ ညှိနှိုင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ် ပါသည်။
အဆိုပါ ဖိုရမ်၏ နံနက်ပိုင်း အစီအစဉ်တွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် “ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့် သက်ဆိုင်သည့် တာဝန်ယူမှုရှိသော စီးပွားရေးနှင့် လူ့အခွင့် အရေး မြှင့်တင်ခြင်း” ဆွေးနွေးပွဲ၌ Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဖိုရမ်သို့ စုစုပေါင်း လူဦးရေ (၆၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။
ထို့အပြင် ခေတ္တညွှန်ကြားရေးမှူးချုပ်သည် ဖိုရမ်၏ နေ့လယ်ပိုင်းတွင် ကျင်းပသည့် “မြန်မာနိုင်ငံတွင် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ အကျိုးသက်ရောက်မှု” ဆွေးနွေးပွဲ တစ်ရပ်၌လည်း Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။