COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID-19 FUND မှ ထုတ်ပေးမည့် ချေးငွေလျှောက်ထားခြင်းကို ONLINE မှ ဆောင်ရွက်နိုင်ကြောင်း အသိပေးခြင်း

Print Friendly, PDF & Email

၁။      COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှ ထုတ်ပေးမည့် ချေးငွေလျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကြေညာချက် အရ ချေးငွေလျှောက်ထားလွှာများကို သတ်မှတ်ပုံစံဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးများတွင် လက်ခံသွားဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။       ယခုအခါတွင် COVID-19 ရောဂါပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် လျှောက်ထားသူ များ တစ်နေရာတည်းတွင် အများအပြား စုစည်းနေခြင်း မရှိစေရေးအတွက်လည်းကောင်း၊ လျှောက်ထားသူများ မိမိနေအိမ်၊ မိမိရုံးခန်းမှ သက်သာစွာဖြင့် လျှောက်ထားနိုင်စေရေးအတွက် ချေးငွေလျှောက်ထားလွှာများအား Online မှလည်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။      ချေးငွေလျှောက်ထားနိုင်ရေးအတွက် https://umfccicovid19loan.mitcloud.com သို့ ဝင်ရောက်၍  Online မှ လျှောက်ထားကြပါရန် သတင်းထုတ်ပြန်အပ်ပါသည်။

                   COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ