
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ များ၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်တို့ဖြင့်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် စက်ပစ္စည်းတင်သွင်းခြင်း၊ ကုန်ကြမ်းတင်သွင်းခြင်း၊ နိုင်ငံခြားသားနည်းပညာရှင်ခန့်ထားခြင်း၊ စသည့် တင်ပြချက်များအားရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးဌာနခွဲ မှCOVID-19 ဖြစ်စဉ်ကာလ အတွင်း ရပ်နားခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
COVID-19 ဖြစ်စဉ်အတွင်း လူစုလူဝေးရှောင်ရှားရန်အတွက် တင်ပြစာများအား မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး၊ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့သို့ စာတိုက် မှတစ်ဆင့်လည်းကောင်း၊ mic.dica.monitor@gmail.com သို့ ပေးပို့၍လည်းကောင်း တင်ပြနိုင် ပါကြောင်း အကြောင်းကြားပါသည်။ တင်ပြစာများတွင် အကြောင်းအရာ၊ ဆက်သွယ်ရမည့် လူပုဂ္ဂိုလ်အမည်၊ ဖုန်းနံပါတ် တို့ ပြည့်စုံစွာဖော်ပြပေးရန် လိုအပ်မည်ဖြစ်ပါသည်။
တင်ပြချက်များ အခက်အခဲရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
၀၁-၆၅၈၁၃၃
၀၁-၆၅၇၈၂၄