ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရေးနှင့်စပ်လျဉ်း၍ ပထမအကြိမ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းကိစ္စ

Print Friendly, PDF & Email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး နှင့်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရေးနှင့်စပ်လျဉ်း၍ ပထမအကြိမ်ညှိနှိုင်း ဆွေးနွေးပွဲ၏ ဒုတိယနေ့ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်စုစုပေါင်း (၁၀) ဦး တက်ရောက်ခဲ့ကြပါသည်။