
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၈ခုနှစ်ဇူလိုင်လ၉ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၇/၂၀၁၈) ဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရသတ်မှတ်ဖော်ပြထားသည့်အခကြေးငွေနှင့်နှောင့်နှေးသည့်ပေးပို့တင်ပြခြင်းအတွက် နောက်ကျကြေးအား သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ အမိန့်ကြော်ငြာစာ၏ နောက်ဆက်တွဲဇယား(၁) တွင် သတ်မှတ်ဖော်ပြထားသော အခကြေးငွေများအနက် အောက်ဖော်ပြပါပုံစံများနှင့် စပ်လျဉ်းသည့် အခကြေးငွေများအား ၂၀၁၉ ခုနှစ်အောက်တိုဘာလ၁ ရက်နေ့မှစတင်၍အောက်ဖော်ပြပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်-
(က)အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းလျှောက်လွှာ (ပုံစံက-၁) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။
(ခ) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းလျှောက်လွှာ (ပုံစံက-၃) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။
(ဂ) တာဝန်ကန့်သတ်မထားသည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းလျှောက်လွှာ (ပုံစံက-၄) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။
(ဃ) ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီများအက်ဥပဒေအရ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း လျှောက်လွှာ (ပုံစံက-၆) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။
(င) ပြည်ပကော်ပိုရေးရှင်းတစ်ခုအဖြစ် မှတ်ပုံတင်ခြင်း လျှောက်လွှာ (ပုံစံ က-၈) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။
(စ) နှစ်စဉ်အစီရင်ခံစာ တင်ပြခြင်းအတွက် အခကြေးငွေအား ကျပ် ၂၀,၀၀၀ မှ ကျပ် ၅၀,၀၀၀။
(ဆ) ပြည်ပကော်ပိုရေးရှင်း၏ နှစ်စဉ်အစီရင်ခံစာ ပေးပို့တင်ပြခြင်း အကြောင်းကြားစာ (ပုံစံ င-၇) အတွက် အခကြေးငွေအား ကျပ် ၂၀,၀၀၀ မှ ကျပ် ၅၀,၀၀၀။