
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်၍ ဂျာမဏီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) ၏ ပံ့ပိုးမှုဖြင့် “မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်း” အခမ်းအနားအား ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ Famous Hotel ၌ ကျင်းပခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က အဖွင့်မိန့်ခွန်း ပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်အဆင့် ဌာန ဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။