
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် 2nd International Forum on Economic Development and Public: Unlocking Public and Private Investment: Role of Financial Sector သို့ မြန်မာကိုယ်စားလှယ်အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် တက်ရောက်ခဲ့ပါသည်။
အဆိုပါဖိုရမ်တွင် ဘဏ္ဍာရေးကဏ္ဍဆိုင်ရာ မူဝါဒများရေးဆွဲရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အထောက်အကူပြုနိုင်ရန်၊ ဝင်ငွေအလယ်အလတ်အဆင့်တွင် ရပ်တန့်နေသည့် ပြဿနာ (middle income trap) တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။