၂၀၁၇ အထူးဧည့်သည်တော်ပညာသင်အစီအစဉ်သို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းညီညီချစ်သည် ဂျပန်နိုင်ငံ၊ University of Tokyo နှင့် Daiwa Securities Group Inc. တို့ပူးပေါင်း ဖွင့်လှစ်ပို့ချသည့်၂၀၁၇ အထူးဧည့်သည်တော် ပညာသင် အစီအစဉ် (2017 Special Guest Student Program ) သင်တန်းသို့ တက်ရောက်ရန်အတွက် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ထွက်ခွာခဲ့ပါသည်။ အဆိုပါသင်တန်း သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အထိ သင်တန်းကာလ ၆ လကြာမြင့် မည်ဖြစ်ပါသည်။