MYANMAR BUSINESS FORUM အား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်

Print Friendly, PDF & Email

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ JETRO Exhibition Hall ၌၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် Myanmar Business Forum ကို ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (MEITI) ၏ ပံ့ပိုးကူညီမှုဖြင့် Japan External Trade Organization (JETRO) နှင့်  မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေး ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ JETRO မှ  Executive Vice President ဖြစ်သူ Ms. Yuri Sato နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် စပ်လျဉ်းပြီး “The New Myanmar Investment Law & How it works” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့အပြင် UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်းမှလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလျှင် ရရှိမည့် အကျိုးရလဒ်များနှင့် စပ်လျဉ်းပြီး ထပ်လောင်းပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ နှင့် စိတ်ပါဝင်စားသူ (၃၀၀)ဦးကျော် တက်ရောက်ခဲ့ကြပါသည်။