MYANMAR’S NEW INVESTMENT LAWS: HEAR FROM THE EXPERTS အခမ်းအနားကျင်းပ

Print Friendly, PDF & Email

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ Melia Hotel ၌ Australia-Myanmar Chamber of Commerce မှ Myanmar’s New Investment Laws: Hear from the Experts အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် Australia-Myanmar Chamber of Commerceမှ CEO Mr. Jodi Weedon မှ အခမ်းအနားနှင့် ပတ်သက်၍ မိတ်ဆက်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Mr. Nicholas Coppel မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ထို့နောက် ရင်နှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်မှ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။ International Finance Cooperation (IFC)၊ Berwin Leighton Paisner မှ Partner၊ Austrade မှ Senior Trade Commissioner၊ Work Bank မှ Secretary General of the International Centre for Settlement of Investment Disputes တို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေသစ်နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့ပြီးတက်ရောက်လာသူများမှသိရှိလိုသည်များကို မေးမြန်းကြပါသည်။