
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများအားပံ့ပိုးပေးရန်၊ ပုဂ္ဂလိကစွန့်ဦးတီထွင် လုပ်ငန်းများအားအားပေးရန်နှင့် အလုပ်အကိုင်များဖန်တီးခြင်းနှင့် ဝင်ငွေတိုးတက်စေသောလုပ်ငန်းများစတင်နိုင်ရေးအား ပံ့ပိုးပေးနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည်အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။
DICA ၏ ဝန်ဆောင်မှုများနှင့် ဝက်ဘ်ဆိုက်မှတဆင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောသတင်းအချက်အလက်နှင့် ပံ့ပိုးကူညီမှုများရရှိအောင် ဆောင်ရွက်ပေးလျှက်ရှိပြီးအဆိုပါ ဝန်ဆောင်မှုများ၏ စဉ်ဆက်မပြတ်သောတိုးတက်မှုများ ဖြစ်ပေါ်စေရန်အတွက် လုပ်ငန်းရှင်များထံမှ အကြံဉာဏ်များအားပထမအကြိမ်စစ်တမ်းအနေဖြင့်ဖေဖော်ဝါရီလ ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ဒုတိယအကြိမ်စစ်တမ်းကောက်ယူခြင်းအား၂၃ရက်နေ့ အောက်တိုဘာလ ၂၀၁၆ ခုနှစ်အထိထပ်မံကောက်ယူသွားမည်ဖြစ်ပါသည်။
ဤမေးခွန်းလွှာအားဖြေဆိုရန်အတွက် အချိန် ၅ မိနစ်မှ ၁၀ မိနစ်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်အွန်လိုင်းမှသော်လည်းကောင်း၊ DICA ရုံးတွင် လည်းကောင်းဖြေဆိုနိုင်ပါသည်။ အွန်လိုင်းမှ တဆင့် ဖြေဆိုလိုသူများအတွက် အောက်ဖော်ပြပါလင့်ခ်သို့ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။
https://goo.gl/forms/ISinVeGlJRuEI7jj1(အင်္ဂလိပ်ဘာသာဖြင့်)
https://goo.gl/forms/LG9qaW0W1xt1c2Dx2(မြန်မာဘာသာဖြင့်)
မေးခွန်းလွှာများအားရန်ကုန်ရှိ DICA ရုံးနှင့် မြန်မာနိုင်ငံရှိ DICA နယ်ရုံးများတွင် ရယူဖြေဆိုနိုင်ပါသည်။
ယခုစစ်တမ်းတွင် ပါဝင်ဖြေဆိုခြင်းအားဖြင့် သင်၏အကြုံပြုတုံ့ပြန်မှုများအား ကျွန်ုပ်တို့ထံသို့ ပေးစေလိုပါသည်။
သင်၏ပါဝင်ကူညီမှုအတွက် ကျေးဇူးတင်ရှိပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)