ASIA AGRICULTURE CO., LTD. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင် ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ဌာနများအကြား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် နေပြည်တော်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေး အဖွဲ့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာ အုပ်စုရှိ Asia Agriculture Co., Ltd. ၏ ဆန်စပါးနှင့် ပြောင်းစိုက်ပျိုး ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းနေရာသို့ သွားရောက်၍ မြေပြင်ကွင်းဆင်း ဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။