MYANMAR HAOYANG INTERNATIONAL GARMENT CO., LTD.၊ SPIROLITE(MYANMAR) CO., LTD. နှင့် HANDA (YANGON) GARMENT CO., LTD. တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ  Myanmar Haoyang International Garment Co., Ltd. ၊ Spirolite(Myanmar) Co., Ltd. နှင့် Handa (Yangon) Garment Co., Ltd. တို့သို့  ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှူဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီး ဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။