မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၉) အပါအဝင် ရက်သတ္တပတ် အတွင်းခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း  ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် မီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြု လုပ်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံ မှုဥပဒေအရ ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်း သည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်း ထုတ်ပြန်ချက် (၁၀/ ၂၀၁၉)အား ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ မီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ (၁၁)ခုမှ သတင်းထောက် (၁၁)ဦး တက်ရောက်ခဲ့ပြီး သတင်း မှတ်တမ်း ရယူခဲ့ကြပါတယ်။