“၇၀ ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုကော်မတီအစည်းအဝေး” တက်ရောက်ခြင်း

Print Friendly, PDF & Email

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်တင်အေးဟန်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သွယ်သွယ်ဆုတင် တို့သည် စင်ကာပူနိုင်ငံ ၊ ၂၀၁၇ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “၇၀ ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုကော်မတီအစည်းအဝေး” သို့ တက်ရောက်ရန်အတွက် ၅-၆-၂၀၁၇ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပါသည်။