“DAWEI SHWE PYI TAW CO., LTD” နှင့် “MINN TUN TRADING CO., LTD” တို့သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို ဉီးဆောင်သော သက်ဆိုင်ရာဌာန များမှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသော တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ Dawei Shwe Pyi Taw Co., Ltd ၏ ဟိုတယ် တည်းခိုရိပ်သာ လုပ်ငန်းနှင့် Minn Tun Trading Co., Ltd ၏ ဟိုတယ် တည်းခိုရိပ်သာလုပ်ငန်း တို့ အား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် သွားရောက် ကွင်းဆင်းပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။