KEIDANREN (JAPAN BUSINESS FEDERATION)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၇ခုနှစ် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် အိုဆာကာမြို့တို့တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ သို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့  သွားရောက်လျက်ရှိပါသည်။

အဆိုပါခရီးစဉ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၉ ရက်နေ့ ဒေသ စံတော်ချိန် ၃ နာရီ တွင် Keidanren (Japan Business Federation)နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ညနေ ၆ နာရီတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။