ကော့သောင်းခရိုင်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

၂၀၁၇ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်း ကျွန်း ၁၀ ကျွန်းပေါ်တွင် ဟိုတယ် လုပ်ငန်းလုပ်ဆောင်နေသော လုပ်ငန်းများနှင့် မြေအသုံးချမှု အပေါ် အမှန်တကယ်အလုပ်ကိုင်ခြင်းရှိ/မရှိနှင့် လမ်းညွှန်ချက်များအား မြေပြင်ကွင်းဆင်းစစ်ဆေးရေးအတွက် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အကြိုတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသည်။