စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဖြစ်သူ Mr. Rossman Ithnain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ၂၀၁၇ ခုနှစ် မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံ၍ (၆)ကြိမ်မြောက် စင်ကာပူ-မြန်မာ ဝန်ကြီးအဆင့်ပူးတွဲ လုပ်ငန်းကော်မတီ အစည်း အဝေးအား စင်ကာပူနိုင်ငံ၌ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။