VIDEO CONFERENCING SYSTEM ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်(၃)၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဦး ဦးဆောင်သောအဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှိုင်သာယာမြို့နယ် တို့တွင် CMP စနစ် ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် Foam & Foam Mattress အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ ၃ ခု တို့အား ၂၀၂၁ နှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် Video Conferencing စနစ် အသုံးပြု၍ ကြည့်ရှု အားပေးခဲ့ပါသည်။ ထိုသို့ အားပေးရာတွင် စက်ရုံများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေ၊ Corona Virus Disease 2019 (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူး ဂရုပြုလိုက်နာရမည့် (Version 5.0) အား လိုက်နာ‌ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။