Oil Tech (Myanmar) Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

Oil Tech (Myanmar) Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 23 September 2015

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးတွင် ရေနံတွင်းတူးပိုက်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မည့် Oil Tech (Myanmar) Limited သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ အဆောက်အဦဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ဌာနဆိုင်ရာ ပူးပေါင်း လုပ်ငန်းအဖွဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ (သောကြာနေ့) နံနက် (၁၀:၀၀) နာရီတွင် တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။