မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 14 December 2022

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူ၏ အစုရှယ်ယာလွှဲပြောင်းခြင်း၊ စုစုပေါင်းမတည်ငွေရင်း ပမာဏပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုပုံစံ ပြောင်းလဲခြင်း၊ လုပ်ငန်းတည်ဆောက်မှု/ ပြင်ဆင်မှုကာလ တိုးမြှင့်ခွင့်ပြုပါရန် လျှောက်ထားခြင်းစသည်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။