ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၂) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၂) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း

Posted on 29 November 2022

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သီရိပျံချီ ဦးခက်ထိန်နန် ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် များ၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် ကန်ပိုက်တီ စီးပွား‌ရေးနယ်မြေ စီမံကိန်းမြေနေရာလဲလှယ်ခြင်းကိစ္စနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုမ္ပဏီတို့အကြားရေးထိုးမည့် MOU/MOA တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။