တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၂) ကြိမ်မြောက်အစည်းအဝေး

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၂) ကြိမ်မြောက်အစည်းအဝေး

Posted on 01 November 2022

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို အပါအဝင် စုစုပေါင်းအဖွဲ့ဝင် (၆) ဦးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ တက်ရောက်ခဲ့ကြပါသည်။

 အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ခရမ့်ရာဘာနှင့် ရာဘာအမျိုးမျိုး ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းတစ်ခုအား ခွင့်ပြုပေးခဲ့ပါသည်။ ထို့အပြင် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်လျှောက်ထားခြင်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများကို  ဆွေးနွေး ပြောကြားခဲ့ပါသည်။