ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 22 September 2022

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့နှင့်  ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် ယင်းနှင့်ဆက်နွယ်သည့်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Eden Hotels & Resorts Co.,Ltd. သို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအတွက် မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ပါသည်။