မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 07 December 2021

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ Arabica ကော်ဖီစေ့နှင့်ဟင်းသီး ဟင်းရွက် မျိုးစေ့များစိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ လယ်ယာထွက်ကုန် ပစ္စည်းများ ဟင်းသီး ဟင်းရွက်များကို အေးခဲ၊ အခြောက်ခံခြင်းစက်ရုံလုပ်ငန်း၊ ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးရောင်းချ ခြင်း လုပ်ငန်းနှင့် ပန်းမျိုးစေ့ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းတို့ကို လုပ်ကိုင်လျက် ရှိကြသည့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅) ခုသို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် သွားရောက် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။