ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ

Posted on 25 November 2021

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက်အစည်းအဝေး ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပုသိမ်မြို့ရှိ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြပါသည်။

အဆိုပါအစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇.၆၉၄ သန်းခန့်ရှိ သော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်း ၂ ခုကို အတည်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၅၀၀ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။