မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

Posted on 19 November 2021

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း (၉) ခု၊ မီးပုံးပျံဖြင့် ခရီးသည်များ ပျံသန်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း (၂) ခုနှင့် နန်းမြင့်မျှော်စင် တည်ဆောက် ဖွင့်လှစ်လုပ်ကိုင်ခြင်းလုပ်ငန်း (၁)ခုတို့အား သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။