အသိပေးကြေညာချက် [1]
Posted on 08 May 2018
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင် စနစ် “MyCO”ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စတင်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်စနစ်သစ်တွင် အသုံးပြုနိုင်ရန် ကုမ္ပဏီဆိုင်ရာ အချက်အလက်များအား ရွှေ့ပြောင်း ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ www.dica.gov.mm [2] တွင် ကုမ္ပဏီ အချက် အလက် ရှာဖွေခြင်း ဝန်ဆောင်မှုအား ၂၀၁၈ ခုနှစ် ဇူလိုင်လအထိသာ အသုံးပြုနိုင်မည်ဖြစ်ပြီး မှတ်ပုံတင်စနစ်သစ် “MyCO” နှင့်အတူ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ရက်နေ့မှစ၍ ပြောင်းလဲ အသုံးပြုသွားနိုင်မည် ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။