နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသည့် ဟိုတယ်တည်ဆောက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် သွားရောက်ကာ ဟိုတယ် ဝန်ဆောင်မှုဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်း ဆောင်ရွက်နေခြင်း တိုးတက်မှု အခြေ အနေများအား ကြည့်ရှုအားပေးပြီး ဌာနများ အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်မည့် အခြေအနေများအား စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
Posted on 30 January 2023