Posted on 25 February 2020
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် EY Myanmar မှ Country Managing Partner ဖြစ်သူ ဦးတင်ဝင်းနှင့်အဖွဲ့အား ရန်ကုန်မြို့၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် လက်ခံတွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။