ဝန်ကြီးဦးကျော်ဝင်းဆောက်လုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း

ဝန်ကြီးဦးကျော်ဝင်းဆောက်လုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 26 December 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်၊ဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးနှင့်အတူရန်ကုန်မြို့ရှိရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင်၂၀၁၇ခုနှစ်ဒီဇင်ဘာလ၂၂ရက်နေ့၌ကော်မရှင်မှခွင့်ပြုထားပြီးသော်လည်းရန်ကုန်မြို့တော်နယ်နိမိတ်အတွင်းကြန့်ကြာနေသည့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍လုပ်ငန်းရှင်များနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။