စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

Posted on 08 April 2016

၂၀၁၆ ခုနှစ် ဧပြီလ ၈ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ရန်ကုန်မြို့ အမှတ် (၁) သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့  ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ လာရောက် စစ်ဆေးခဲ့ပြီး ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ ၊ တာဝန်ရှိဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး၊  လက်ရှိအစိုးရလက်ထက်တွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍  မှာကြားခဲ့ပါသည်။