North Shore Group Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

North Shore Group Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 21 March 2016

၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော စက်မှု စီးပွားဇုန်၊ ပုသိမ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးရှိ North Shore Group Co., Ltd.၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းအပေါ် သွားရောက်စစ်ဆေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။