![](https://www.dica.gov.mm/sites/default/files/styles/news_detail/public/news/myanmar_stone_house.png?itok=Ie6LT6XM)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်ရှိ Myanmar Stone House Co., Ltd., Popular International Garment Manufacturing Co., Ltd. နှင့် Packraft Myanmar Co., Ltd. တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ် များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည့် ၂၀၁၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။